18 July, 2011

PRoXy

Last Update 17/7/2011
Proxy                   PORT
178.213.33.129:   443
219.140.60.205:   443
146.57.249.99  :   3127
128.8.126.111  :   3124
192.33.90.66    :   3127


update 9/7/2011
Proxy                   PORT
137.165.1.115   :    3124
146.57.249.99   :    3127
129.21.30.116   :    3127

165.230.49.115 :    3128
87.106.190.168 :    443
116.90.208.30   :    443

17 July, 2011

Empathy Chat Box Themes

သူငယ်ချင်းတို့ရေ...Ubuntu ရဲ့လက်ဆွဲတော်ချက်တင်ဘောက်ဖြစ်သော

Empathy အတွက်Themeလေးတွေတင်ပေးလိုက်ပါတယ်

ဒါကတော့ကျွန်တော်အကြိုက်ဆုံးChat Box Theme လေးပါ
ကဲ့ဗျာ....လုပ်နည်းကတော့လွယ်လွယ်လေးပါ

အကုန်စုထားပေးတာပါ

အောက်မှာယူလိုက်ပါဗျာ


ဒေါင်းပြီးရင်extractလုပ်ပြီးရလာတဲ့adium folder ကို home folder ထဲမှာထည့်ရမှာပါ

/home/.local/share/ ထဲမှာထည့်လိုက်ပါ .local ကိုမတွေ့ရင် Ctrl+h ကိုနိုပ်ပါ

ထည့်ပြီးရင်တော့empathy က Edit ထဲဝင်ပြီး prefrences ထဲက Theme tab ထဲမှာ Chat Theme မှာကြိုက်ရာရွေးသုံးလို့ရပါပြီးဗျာ

be happy visitor

:D

*မှတ်ချက်*  Adium style သုံးလို့ရသော Empathy အားလုံးအတွက် Ubuntu 10.04 မှနောက်ပိုင်းအကုန်သုံးလို့ရပါသည်

13 July, 2011

Theme for ubuntu 11.04

showtimebalanzaninfinitywild-shineExoticTropicalBamboo -ZenStep in to FreedomSunriseAquadreamsOrangeEllannaAir-linesEcoSplit
ကြိုက်မယ်ထင်ပါတယ်ဗျာ

ကဲစလုပ်ကျရအောင်နော်bunner Install on ubuntulogo 
1 – Add the repository

It’s easier than in previous ubuntu versions! Open a terminal and do:
sudo add-apt-repository ppa:bisigi/ppa && sudo apt-get update

if the server doesn’t respond, just wait a few minutes and try again

2 - Install Themes

Then install themes: (this command install all themes. If you want to install only one theme, go look here)
sudo apt-get install bisigi-themes

List of commands to install specific themes:

AquaDreams: sudo aptitude install aquadreams-theme
Ubuntu Sunrise: sudo aptitude install ubuntu-sunrise-theme
Bamboo-Zen: sudo aptitude install bamboo-zen-theme
Step into Freedom: sudo aptitude install step-into-freedom-theme
Tropical: sudo aptitude install tropical-theme
Exotic: sudo aptitude install exotic-theme
Balanzan: sudo aptitude install balanzan-theme
Wild Shine: sudo aptitude install wild-shine-theme
Infinity: sudo aptitude install infinity-theme
Showtime: sudo aptitude install showtime-theme
Orange: sudo aptitude install orange-theme
Ellanna: sudo aptitude install ellanna-theme
AirLines: sudo aptitude install airlines-theme
Eco: sudo aptitude install eco-theme
Split: sudo aptitude install split-theme

အော်အဲ့လိုလုပ်လို့မရဘူးဆိုရင်sources.list နည်းနည်းပြင်ပေးရမှာပါ
It’s done for Natty’s PPA, but you can cheat a little
In
Code:

/ Etc / apt / sources.list.d /

of a file:
Code:

bisigi-PPA-natty.list

Open it with a text editor (as superuser) and replace with maverick Natty.

Or delete the contents and put this:
Code:

deb http://ppa.launchpad.net/bisigi/ppa/ubuntu maverick main
deb-src http://ppa.launchpad.net/bisigi/ppa/ubuntu maverick main

It’s the same tongue

Then refresh your package list:
Code:

sudo apt-get update

Now you can install bisigi-themes

Keyboard Icon to Custon icon From The Panel

အင်း...ဒီတစ်ခါတော့Keyboard indicator ကို icon လေး ဒါမှမဟုတ် Country flag လေးနဲ့လုပ်ကျရအောင်ဗျာ
Screenshots before and after using this tweak:
1
(after)
2

ကဲစလိုက်မယ်နော်

To simplify the process and not having to remove the icons manually, simply run the following command in a terminal (this will append ".old" to the "input-keyboard.png" and "input-keyboard.svg" files so they can be restored later on if you want):

terminal မှာ

find /usr/share/icons/ -name "input-keyboard.??g" -exec sudo mv {} {}.old \;

လို့ရိုက်ပြီးenterခေါက်လိုက်ပါ

Then, open the Appearance Preferences, change the icon theme to some other theme, then change back to Ubuntu-Mono-Light or Dark (or whatever theme you were using).

ပြီးရင်

terminal မှာပဲ

for i in $(find /usr/share/icons/ -name '*.old'); do sudo mv $i ${i%.*}; done

လို့ထပ်ရိုက်လိုက်ပါ

ပြီးပြီးဆိုရင်

icon လိုမယ်ဗျာ140209-Ubuntu-Mono-Dark.tar.gz
download
Real Flags
download
ကြိုက်တာထည့်နိုင်တယ်နော်

ဒေါင်းပြီးရင်ကြိုက်တဲ့နေရာမှာ extractလုပ်ပါရလာတဲ့folder ကို home folderထဲက /.icons/မှာထည့်လိုက်ပါနော်

(home folderထဲမှာ .icons ကိုမတွေ့ရင် Ctrl+h ကိုနိုပ်လိုက်ပေါ်လာမယ်)

ထည့်ပြီးပြီဆိုရင်တော့

Terminal မှာပဲ

gconftool-2 --type bool --set /desktop/gnome/peripherals/keyboard/indicator/showFlags true

လို့ထည့်လိုက်ပါ

iconပြောင်းသွားလားကြည့်ပါနော်မပြောင်းဘူးဆိုရင် logout လုပ်ပြီး login ပြန်ဝင်လိုက်ပါ...

ကဲပြောင်းသွားလိမ့်မယ်ဗျာ:Dbe happy visitor :D

ဟာသလေးတစ်ခု

ကျွန်တော် ubuntu ကို သုံးတာသိပ်မကြာသေးပါဘူး.. လွန်ခဲ့တဲ့တစ်လလောက်ကပါ. တော်တော်ကောင်းပါတယ်. သုံးရတာလည်းအဆင်ပြေပါတယ်. ဒါပေမယ့် လူအများစုက Window သုံးရတာကို ပိုပြီးတော့ သဘောကျနေကျပါတယ်. ...အဲဒီတော့ ကျွန်တော်ဒီနေရာကနေပြီး ဘာလို့ ubuntu ကိုမသုံးသင့်ဘူးဆိုတဲ့ အကြောင်း 10 ချက်ကို ပြောပြပါမယ်. ဒါမှ MOTT!S တို့လိုမျိုး ubuntu ကိုအရမ်းကြိုက်တဲ့သူတွေက သုံးပါလို့ တိုက်တွန်းလာရင် ပြန်ပြောနိုင်အောင်ပါ :P

ကဲ စပါမယ်

၁.မဝယ်ရသေးခင် စမ်းကြည့်တာကို စိတ်မဝင်စားဘူး

ကျွန်တော်တို့ မသိတာတစ်ခုကို ၀ယ်တဲ့အခါ စမ်းကြည့်ပြီးတော့ ဘာလုပ်မှာလဲဗျာ.. ရောင်းတဲ့သူက ကိုယ့်ထက်ပိုသိမှာပေါ့ မဟုတ်ဘူးလား.. ဘာလုပ်ဖို့ live CD နဲ့ စမ်းကြည့်မှာလဲ အားအားယားယား အလုပ်ရှုပ်လို့.. ကိုယ့်ထက်ပိုသိလို့ ရောင်းတာပဲမဟုတ်လား.. ပြီးတော့ ရင်ခုန်ရတာပေါ့.. စမ်းမကြည့်ပဲနဲ့ ၀ယ်ရတာက.

၂.ubuntu မှာဆို ဆော့ဖ်ဝဲတွေသွင်းရတာ အရမ်းလွယ်နေတယ်

ကဲ ubuntu မှာဆိုရင် synaptic package manager လေးဖွင့် ကိုယ်သွင်းချင်တာလေးကို checkbox မှာ အမှန်လေးခြစ်လိုက် ပြီးရင် apply ဆိုတာလေးကို နှိပ်လိုက် ကဲ ပြီးပြီ. (internet connection တော့ရှိရမှာပေါ့.) လွယ်လွန်းနေတယ်ဗျာ.. မမိုက်ပါဘူး.. Window မှာဆို သွင်းခါနီး application တွေအားလုံးကိုပိတ်.. zip ဖိုင်ဆို zip ကိုဖြည်.. ပြီးမှ .exe ကိုလိုက်ရှာ...သွင်း.. ပြီးရင် Internet Explorer ကနေပြီး update manager ကိုသုံး update လုပ်.. ကဲ မရှုပ်ဘူးလား.. ဒါမှ software သွင်းတဲ့ အရသာစစ်စစ်..

၃.ubuntuမှာကဗိုင်းရပ်စ်တွေကလည်းအရမ်းနည်း.. လုံခြုံရေးကလည်း အရမ်းကောင်းနေတယ်

window သုံးတဲ့အခါ virus scanner လေး ကိုသုံးရတာ ဖီလင်လေးတစ်မျိုးပေါ့..အေးအေးဆေးဆေးရှိတယ်လေ.. ကိုယ့်ကွန်ပြူတာ မြန်သင့်သလောက်မမြန်တော့ဘူး.... ဒီတော့ အလုပ်တွေပြီးတာလည်း နှေးသွားမယ်.. ဒါဆို လူတွေကလည်း ကိုယ့်ကို မြန်မြန်သွက်သွက်အလုပ်လုပ်တတ်တဲ့သူလို့ ထင်မှာမဟုတ်တော့ဘူး.. ကဲဘယ်လောက်ကောင်းလဲ ... ခပ်အေးအေးလေးနေလို့ရတာပေါ့.. ubuntu သုံးပါပြီ..ကိုယ့်ကွန်ပြူတာက အရမ်းမြန်နေတော့ အလုပ်တွေ မြန်မြန်ပြီး.....ရာထူးတွေတိုးနေရင် ပိုက်ဆံတွေပိုရလာနေပါဦးမယ်.. အဲဒါဆို အဲဒီ့ပိုက်ဆံတွေကို ဘယ်မှာသုံးမယ်ဆိုတာက ခေါင်းရှုပ်စရာကြီးပါဗျာ..

၄.office software တွေက အလကားနီးပါးရနေတယ်ဗျာ.

Microsoft Office အတွက်ကို $400+ လောက်ပေးရတယ်ဗျာ (သူတို့နိုင်ငံမှာပြောပါတယ်) Openoffice.org က အလကားတဲ့.. ဘာလုပ်မှာလဲ. လူအထင်သေးတာပေါ့နော်.. ဒီပိုက်ဆံတွေကို တစ်ခြားအကျိုးရှိတဲ့နေရာတွေကို ဥပမာ ကျွန်တော်တို့ဖွဲ့ဖို့စီစဉ်ထားတဲ့ ပရဟိတအသင်းလေးမှာ (ဒါကတော့ကြော်ငြာဝင်တာပေါ့နော်) လှုလိုက်မဲ့အစား Bill Gate ကိုပဲ ပေးလိုက်တော့မှာပေါ့နော်.. သူလည်း ငွေလိုရှာမှာပေါ့.

၅.သွင်းချင်သလောက် သွင်းချင်တိုင်းသွင်းလို့ရနေတယ

အလကားရတာဆို ဘယ်ဟာမှမကောင်းဘူးဗျာ.. အလကားရတဲ့ operating system ဆို ပိုဆိုးတာပေါ့..ကဲ window ဆို စျေးကြီးကြီးပေးလည်းဝယ်ရတယ်... ကိုယ်သွင်းချင်တိုင်းလည်း တွေ့သမျှကွန်ပြူတာကို လိုက်သွင်းလို့မရဘူးနော်.. ကိုယ့်အတွက်သီးသန့်...ဘယ်လောက်အဆင့်မြင့်လဲ...ပြီးတော့ ကိုယ့်window copy ကို genuine ဖြစ်ချင်ရင် activate လုပ် ကိုယ့် personal informationတွေပေး ဒါမှ technical support ရမှာနော်.. ပြီးရင် နှစ်နှစ်တစ်ခါလောက် အပျင်းပြေ ထုတ်နေတဲ့ vista တို့ 7 တို့လို တွေအတွက် ငွေတွေအကုန်ခံလိုက်ဦးပေါ့ဗျာ.. ကောင်းမှကောင်းနော်

၆.ရွေးစရာ free softwareတွေအရမ်းများနေတယ်

ကဲ window မှာသွင်းဖို့ ဆော့ဖ်ဝဲ လိုချင်ပြီဆို ကွန်ပြူတာ အခွေအရောင်းဆိုင်ကိုပြေးရပြီဗျာ.. ဘယ် ဆော့ဖ်ဝဲကို သုံးရင်ပိုကောင်းမလဲ စွတ်စပ်ဝယ်လို့ မရဘူးနော် ဆော့ဖ်ဝဲတွေက စျေးကြီးတယ်ဗျ.. (သူတို့နိုင်ငံမှာနော်) ဒီတော့ microsoft ရဲ့ catalog ကိုဖတ်ကြည့် သူ့ ဆော့ဖ်ဝဲတွေ ကောင်းကြောင်းညွှန်းထားလိမ့်မယ်ဗျာ အဲဒီကနေမှ Office software တွေ Image Editors တွေ ဘာတွေညာတွေ ၀ယ်ဖို့လုပ်.. ဒါမှမဟုတ် ကိုယ်က သူတို့ ညွှန်းထားတာကို မကြိုက်ဘူး တစ်ခြားတစ်ခုကို ပိုကြိုက်မိနေလို့ကတော့ ကဲ ကိုယ်ဝယ်တဲ့ဆိုင်က အရောင်းဝန်ထမ်းကို သာမေးကြည့်ပေါ့ဗျာ.. သဘောကောင်းတဲ့ ခပ်ချောချောအမကြီးနဲ့ တွေ့ရင်တော့ ကောင်းပါတယ်.. အပေါက်ဆိုးဆိုး ကွန်ပြူတာအကြောင်း နကန်းတစ်လုံးမသိတဲ့ ရုပ်ဆိုးဆိုး အရောင်းစာရေးမနဲ့ တွေ့လို့ကတော့ မထမ ကိုယ့်ကို မကြည်သလို ကြည့် နောက် လေသံမာမာနဲ့ စကားပြော ပြီးရင် မောင်းမထုတ်တာကံကောင်းလို့ ပြောရမှာပဲ..

အဲဒီတော့ Scribus,Nvu,Gimp,Openoffice တွေလို အလကားပဲတင်း လွယ်လွယ်ဒေါင်းလုလုပ်လို့ရနေတဲ့ ဟာတွေကို သုံးမယ့်အစားတော့ ဘတ်စ်ကားကို ကျပ်ကျပ်ညပ်ညပ်တိုးစီးပြီးတော့ပဲ အခွေဆိုင်တွေမှာ window ဆော့ဖ်ဝဲတွေကို ပြေးဝယ်တော့မှာပေါ့ဗျာ..

၆.Technical support ကလည်း မြန်မြန်နဲ့လွယ်လွယ်ချည်းရနေတယ်ဗျာ.

ကဲ IRC က #Ubuntu မှာ ubuntu users ၁၃၀၀ လောက် က ကိုယ်မေးသမျှကိုဖြေဖို့အတွက် စောင့်နေကြတယ်ဗျာ.. ပြီးတော့ http://help.ubuntu.com မှာ သွားကြည့်လိုက်ပါဦး.. Help Document တွေက အကြောင်းအရာစုံ Up-to-date တွေချည်းပဲဗျာ.. Open source ဖြစ်တဲ့အတွက် bug တစ်ခုခုပါရင် လူတိုင်းပြင်နိုင်တယ်( လူတိုင်းတော့မဟုတ်ဘူးပေါ့ဗျာ ပညာရှင်တိုင်းပေ ါ့ :P) window မှာလို ကိုယ်တစ်ခုခု error ဖြစ်ပြီဆို ခြေမကိုင်မိလက်မကိုင်မိနဲ့ microsoft ပဲ ဖုန်းလှမ်းဆက်ရတော့မလိုလို ဖြစ်မနေရတော့ဘူးဗျာ.... မြန်မြန်ဆန်ဆန်ကြီး အဖြေကိုသိနိုင်သွားရော.. ဒါဆို ကွန်ပြူတာဆိုတာ လျှို့ဝှက်ချက်မရှိတော့သလိုဖြစ်နေတော့မှာပေါ့ မကောင်းသေးပါဘူးနော်..

၇.ရွေးစရာ interface တွေအရမ်းများတယ်

Window မှာလည်းရွေးစရာတွေရှိပါတယ်... vista ဖြစ်ဖြစ် xp ဖြစ်ဖြစ် နည်းနည်း ကွဲတဲ့ version ကို ငွေပိုပေးပြီး ၀ယ်လိုက်ရင် သုံးလို့ ပိုကောင်းမှာပါ.. Ubuntu မှာကျတော့ Gnome Desktop နဲ့သွင်းမလား KDE enviroment သုံးတဲ့ Kbuntu သွင်းမလား... ? ကဲ ကျောင်းတွေမှာ ကလေးတွေသုံးဖို့ဆိုရင် Edubuntu သုံးမလား..မမိုက်ပါဘူးဗျာ.. ကလေးသုံးသုံးလူကြီးသုံးသုံး ဒီ version ပဲသုံးရမယ့် window ပဲကောင်းပါတယ်ဗျာ

ပြီးတော ကွန်ပြူတာဆိုတာ နောက်ဆုံးပေါ်ကိုပဲကိုင်သင့်တာနော်.. အနည်းဆုံး 1GB လောက်ရှိတဲ့ memory နဲ့ အမြန်စား graphic card တစ်ခုရှိမှ သုံးနိုင်တဲ့ operating system ကမှ အဆင့်မြင့်တာပေါ့.. ကဲ ubuntu သုံးတဲ့သူတွေကျတော့ ကိုယ့် ကွန်ပြူတာက နည်းနည်းခေတ်နောက်ကျနေရင် xbuntu ကိုသုံးလို့ရတယ်ဗျာ

ဒါပေမယ့်ဗျာ ကွန်ပြူတာ သုံးတယ်ဆိုတာ ပိုက်ဆံတတ်နိုင်မှသုံးပေါ့ဗျာ.. ဆင်းရဲတဲ့သူတွေ အင်တာနက်တွေဘာတွေသုံးမနေပါနဲ့ဗျာ အလကား အလုပ်ရှုပ်တယ်

၉.မျက်စိပသာဒဖြစ်စရာတွေအရမ်းများနေတယ်

rotating desktop တွေ desktop transparency effect တွေ အရမ်းမိုက်တဲ့ တစ်ခြားeffect တွေ အဲဲဒါတွေ မသုံးပါနဲ့ဗျာ တော်ကြာ သူများတွေက ကိုယ့်် desktop လေးကိုကြည့်ပြီး သိပ်အလှပြချင်တဲ့ ကောင်လို့ထင်နေပါဦးမယ်

window vista လေးသုံးပြီး ရိုးရိုးနေတာပဲကောင်းပါတယ်ဗျာ

၁၀.အရမ်းမိုက်တဲ့ CLI ဆိုတာလည်းရှိတယ်ဗျာ

ကွန်ပြူတာသမားတွေအတွက် အသုံးဝင်တယ်ဗျာ.. ဒါပေမယ့်ဘာလုပ်ရမှာလဲနော် ကိုယ့်ဟာကို GUI လေးနဲ့ပဲ လွယ်လွယ်ကူကူ ပျော်ပျော်ပါးပါးသုံးတာပေါ့ မဟုတ်ဘူးလား..

.တော်ကြာ မသုံးတတ်သုံးတတ်နဲ့ command တွေလျှောက်ရိုက်နေလို့ ကွန်ပြူတာလေးပျက်သွားပါဦးမယ် .. 

လမင်းနှင့်စကားပြောသောကျွန်တော်

ဒီဇင်ဘာ...ညချမ်းလေးထဲမှာ

ကြည်လင်အေးမြသောလရောင်လေးက

ကျွန်တော့်ရဲ့ကိုယ်ပေါ်သို့ကျရောက်လာပါတယ်။

လမင်းလေးရယ်....

မင်းကအရမ်းလှတာပဲလို့ပြောလိုက်မိပါလား။

ဒါပေမယ့်.......

ငါ့ဘေးနားမှာငါချစ်ရသောသူသာရှိနေရင်တော့

မင်းရဲ့အလှကိုငါတွေ့မှာမဟုတ်ဘူးနော်။

မင်းရဲ့အလှကငါ့ရဲ့ကြည်ျနူးမှုပုံရိပ်ကိုမဖမ်းစားနိုင်လို့ပေါ့။

ဒါပေမယ့်...ငါအခုကြေကွဲနေရပါတယ်။

ဘာလို့လဲဆိုတော့.....

ငါ့ရဲ့ကြည်နူးပျော်ရွှင်မှုတွေကိုဖမ်းစားထားသောချစ်သူလေးက

ငါ့ရဲ့ဘေးနားမှာမရှိတော့ဘူးလေ။

ရင်ကွဲဒဏ်ရာတွေခံစားနေရသောငါ့ကို

ထွေးပွေ့ထားပေးသည့်အတွက်မင်းကိုကျေးဇူးတင်ပါတယ်ကွာ။

မင်းကဒီလောကကမ္ဘာပတ်နေတာနော်။

မင်းကသာကူညီနိုင်မယ်ဆိုရင်..............

မင်းသွားရာလမ်းကြောင်းပေါ်မှာသူ့ကိုတွေ့ရင်...........တော့

ကျွန်တော်သူ့ကိုအရမ်းချစ်တယ်လို့ပြောပေးပါနော်............

တိုးတိုးတိတ်တိတ်အသဲကွဲကဗျာ

နှစ်သက်မက်မောဖွယ်..............ပြုံးဖြစ်ခြင်းများ

လက်တစ်ဖက်...............................စာမရေးရသေးခင်

တံဆိပ်ကပ်အပြံုးများ...........................တောင်လိုပုံကာ

မျှော်လင့်ချက်................................မြစ်တစင်း

ကမ္ဘာ့ခေါင်းမိုးအထိ.................ဆန်တက်သွားစဉ်

လိုအပ်ခြင်းများ...................တွင်းဆုံးထိလှိုက်စားတူးဖော်နေဆဲ

ချစ်သူမရှိခြင်းရဲ့......................ပေါ့ပါးလွတ်လပ်မှုများ

ချစ်ခွင့်မရှိခြင်းနှင့််...................ရန်ဖြစ်ခဲ့ရ

အရိပ်အမြွှက်မျှ...................ချစ်စကားမဆိုရပါပဲ

တပိုးတနင်ဆုံးရှုံးရခြင်းဆိုတာ...................ရှိသင့်သလား

ဪ..............ကောင်းကင်ကြီးတစ်ခုလုံး ပြိုကျခဲ့တယ်

အိမ်မက်တစ်ခုနောက်သို့

အမောတကြီးလိုက်ဖမ်းနေရင်း

ဆွေးဆိပ်တက်ရူးသွတ်ခဲ့ရ

နိုးခဲ့သော နံနက်တိုင်း

ပြံုး၍မရနိုင်ခဲ့ပါ.............................................

လမ်းဆုံး

စိုလက်လာတဲ့ မျက်ဝန်းတွေထဲ ဝေးကြရပြီလား

စီးဆင်းလာတဲ့..................ရေတံခွန်နှစ်ခုကို

ငါဘယ်လိုခြောက်သွေ့စေရမှာလဲ

ပြန်လည်ဆုံတွေ့ခြင်းဆိုတာ

မျက်လှည့်ဆရာရဲ့ ဖွက်လိုက်တဲ့ဖဲချပ်လို

လွယ်လွယ်ပျောက်ဆုံးသွားပြီးလားကွယ်

ဆုပ်ကိုင်ထားတဲ့တို့လက်နှစ်ဖက်မှာ

နေလုံးကြီးဝင်လုပြီးလေ...........

စကားမဆိုပါရစေနဲ့လား

ဆို့နင့်တုန်ယင်လှုပ်ခါနေမှာစိုးလို့ပါ

ပါးမို့မို့ပေါ်က သွေးကြောမျှင်လေးတွေ

မင်းဆံပင်လေးတွေကို နူးညံ့စွာသပ်ပေးရတာတွေ

ချစ်စရာမျက်စောင်းလေးတွေနဲ့

အရှက်သည်းသည် လက်သည်းချက်လေးတွေရယ်

ဒါတွေကိုပဲ မက်မက်မောမောပိုင်ဆိုင်ချင်ပေမယ့်

အိမ်ပြန်ချိန်ရောက်ပြီး..........

သိပ်ချစ်တာပဲလို့ မပြောလဲသိတယ်

နှုတ်မဆက် ကြလည်း

ဝေးကြဖို့ ကျောခိုင်းကြပြီး

ဒါနောက်ဆုံးပဲ မဟုတ်လားကွယ်..........