13 July, 2011

လမ်းဆုံး

စိုလက်လာတဲ့ မျက်ဝန်းတွေထဲ ဝေးကြရပြီလား

စီးဆင်းလာတဲ့..................ရေတံခွန်နှစ်ခုကို

ငါဘယ်လိုခြောက်သွေ့စေရမှာလဲ

ပြန်လည်ဆုံတွေ့ခြင်းဆိုတာ

မျက်လှည့်ဆရာရဲ့ ဖွက်လိုက်တဲ့ဖဲချပ်လို

လွယ်လွယ်ပျောက်ဆုံးသွားပြီးလားကွယ်

ဆုပ်ကိုင်ထားတဲ့တို့လက်နှစ်ဖက်မှာ

နေလုံးကြီးဝင်လုပြီးလေ...........

စကားမဆိုပါရစေနဲ့လား

ဆို့နင့်တုန်ယင်လှုပ်ခါနေမှာစိုးလို့ပါ

ပါးမို့မို့ပေါ်က သွေးကြောမျှင်လေးတွေ

မင်းဆံပင်လေးတွေကို နူးညံ့စွာသပ်ပေးရတာတွေ

ချစ်စရာမျက်စောင်းလေးတွေနဲ့

အရှက်သည်းသည် လက်သည်းချက်လေးတွေရယ်

ဒါတွေကိုပဲ မက်မက်မောမောပိုင်ဆိုင်ချင်ပေမယ့်

အိမ်ပြန်ချိန်ရောက်ပြီး..........

သိပ်ချစ်တာပဲလို့ မပြောလဲသိတယ်

နှုတ်မဆက် ကြလည်း

ဝေးကြဖို့ ကျောခိုင်းကြပြီး

ဒါနောက်ဆုံးပဲ မဟုတ်လားကွယ်..........

0 comments: